Unicode
ဆောင်းတွင်းပိုင်းမှာ ဂရုစိုက်သင့်တဲ့ ရောဂါများ

၁။ နှလုံးရောဂါ

နှလုံးရောဂါဟာ ဆောင်းတွင်းမှာ ပိုအဖြစ်များတယ်ဆိုတာကို လူအများစုက မသိကြပါဘူး။ အေးတဲ့အချိန်မှာ သွေးလွှတ်ကြောတွေဟာ ကျုံ့သွားပြီး နှလုံးကနေ သွေးတွေစုပ်ထုတ်ရာမှာ အခက်အခဲဖြစ်စေပါတယ်။
ကိုယ့်မှာ နဂိုတည်းက နှလုံးရောဂါအခံလည်း ရှိတယ်ဆိုရင် ဆောင်းတွင်းမနက်စောစော လမ်းထလျှောက်မယ်ဆိုရင် နေစထွက်ချိန်မှ လျှောက်တာ ပိုမိုသင့်လျော်ပြီး၊ မနက်စာကိုလည်း တနင့်တပိုး မစားသင့်ပါဘူး။ နောက်ပြီး ဆောင်းတွင်းမှာ ညစာကိုလည်း လျှော့စားတာက နှလုံးရောဂါအန္တရာယ်ကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ပါတယ်။

၂။ ရင်ကြပ်ရောဂါ

တကယ်လို့ ခင်ဗျားဟာ ပန်းနာရင်ကြပ်သမားတစ်ဦးဆိုရင် ဆောင်းတွင်းမှာ ပိုဂရုစိုက်သင့်ပါတယ်။ အေးမြပြီး ခြောက်သွေ့တဲ့လေဟာ အသက်ရှုလမ်းကြောင်းကို ပိုမိုတင်းကြပ်စေပြီး အသက်ရှုရ ခက်ခဲစေပါတယ်။ အိမ်မှာမီးခိုးငွေ့လို ရင်ကြပ်စေတဲ့အရာတွေကို ဂရုတစိုက် ရှောင်ရှားသင့်ပြီး၊ အိပ်ယာခင်းများ တစ်ပတ်တစ်ခါလဲခြင်းဖြင့် ရင်ကြပ်ရောဂါကို ကာကွယ်နိုင်ပါတယ်။
၃။ အရေပြားယားယံခြင်း
စိုထိုင်းမှုနည်းပြီး အပူချိန်နည်းခြင်းဟာ အရေပြားကိုယားယံစေပါတယ်။ ဆီများတဲ့ လမ်းဘေးစာတွေ စားခြင်းကို ရှောင်ရှားခြင်းဖြင့် အရေပြားယားယံခြင်းကို ကာကွယ်နိုင်ပါတယ်။ ရေနွေးကြမ်း ပူပူလေးကို ထန်းလျက်ခဲနဲ့စားခြင်း၊ အရေပြားမှာ သံလွင်ဆီ လိမ်းထားခြင်းတို့နဲ့လည်း အရေပြားယားယံခြင်းကို ကာကွယ်တားဆီးနိုင်ပါတယ်။

၄။ အရိုးအဆစ်ကိုက်ခဲခြင်း

အရိုးအဆစ်ကိုက်ခဲခြင်းဟာလည်း ဆောင်းတွင်းမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးပါပဲ။ အဝတ်အထည် နှစ်ထပ်ဝတ်ပြီး နွေးနွေးထွေးထွေးနေခြင်း၊ သွေးပူအောင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့ အရိုးအဆစ်ကိုက်ခဲခြင်းကို ကာကွယ်နိုင်ပါတယ်။ နေရောင်ခြည်နွေးနွေးအောက်မှာ နေပူစာလှုံခြင်းဟာလည်း အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

၅။ နှာပိတ်ခြင်း

ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်းတို့ဟာလည်း ဆောင်းတွင်းမှာအဖြစ်များတာမို့ သတိထားသင့်ပါတယ်။ လေဝင်လေထွက် မကောင်းရင်လည်း နှာပိတ်တတ်ပါတယ်။ နှာပိတ်ခြင်းကို လုံလောက်စွာ အနားယူခြင်း၊ ကျနး်မာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို စားသုံးပေးခြင်း၊ အရည်များများသောက်ခြင်း၊ အအေးမမိအောင်နေခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။ ကုသမှုအပိုင်းကတော့ ဂျင်းပြုတ်ရည် သောက်ပေးတာတို့၊ သစ်ကြံပိုးခေါက်မှုန့် ထည့်ထားတဲ့ လက်ဖက်ရည်သောက်ပေးတာတို့နဲ့ ကုသပေးနိုင်ပါတယ်။

Source : skymetweather

Zawgyi
ေဆာင္းတြင္းပိုင္းမွာ ဂရုစိုက္သင့္တဲ့ ေရာဂါမ်ား

၁။ ႏွလံုးေရာဂါ

ႏွလံုးေရာဂါဟာ ေဆာင္းတြင္းမွာ ပိုအျဖစ္မ်ားတယ္ဆိုတာကို လူအမ်ားစုက မသိၾကပါဘူး။ ေအးတဲ့အခ်ိန္မွာ ေသြးလႊတ္ေၾကာေတြဟာ က်ံဳ႕သြားျပီး ႏွလံုးကေန ေသြးေတြစုပ္ထုတ္ရာမွာ အခက္အခဲျဖစ္ေစပါတယ္။
ကိုယ့္မွာ နဂိုတည္းက ႏွလံုးေရာဂါအခံလည္း ရွိတယ္ဆိုရင္ ေဆာင္းတြင္းမနက္ေစာေစာ လမ္းထေလွ်ာက္မယ္ဆိုရင္ ေနစထြက္ခ်ိန္မွ ေလွ်ာက္တာ ပိုမိုသင့္ေလ်ာ္ျပီး၊ မနက္စာကိုလည္း တနင့္တပိုး မစားသင့္ပါဘူး။ ေနာက္ၿပီး ေဆာင္းတြင္းမွာ ညစာကိုလည္း ေလွ်ာ့စားတာက ႏွလံုးေရာဂါအႏၱရာယ္ကို အတိုင္းအတာတစ္ခုထိ ကာကြယ္ႏုိင္ပါတယ္။

၂။ ရင္ၾကပ္ေရာဂါ

တကယ္လို႔ ခင္ဗ်ားဟာ ပန္းနာရင္ၾကပ္သမားတစ္ဦးဆိုရင္ ေဆာင္းတြင္းမွာ ပိုဂရုစိုက္သင့္ပါတယ္။ ေအးျမၿပီး ေျခာက္ေသြ႕တဲ့ေလဟာ အသက္ရႈလမ္းေၾကာင္းကို ပိုမိုတင္းၾကပ္ေစျပီး အသက္ရႈရ ခက္ခဲေစပါတယ္။ အိမ္မွာမီးခိုးေငြ႕လို ရင္ၾကပ္ေစတဲ့အရာေတြကို ဂရုတစိုက္ ေရွာင္ရွားသင့္ျပီး၊ အိပ္ယာခင္းမ်ား တစ္ပတ္တစ္ခါလဲျခင္းျဖင့္ ရင္ၾကပ္ေရာဂါကို ကာကြယ္ႏိုင္ပါတယ္။
၃။ အေရျပားယားယံျခင္း
စိုထိုင္းမႈနည္းျပီး အပူခ်ိန္နည္းျခင္းဟာ အေရျပားကိုယားယံေစပါတယ္။ ဆီမ်ားတဲ႔ လမ္းေဘးစာေတြ စားျခင္းကို ေရွာင္ရွားျခင္းျဖင့္ အေရျပားယားယံျခင္းကို ကာကြယ္ႏိုင္ပါတယ္။ ေရေႏြးၾကမ္း ပူပူေလးကို ထန္းလ်က္ခဲနဲ႔စားျခင္း၊ အေရျပားမွာ သံလြင္ဆီ လိမ္းထားျခင္းတို႔နဲ႔လည္း အေရျပားယားယံျခင္းကို ကာကြယ္တားဆီးႏိုင္ပါတယ္။

၄။ အရိုးအဆစ္ကိုက္ခဲျခင္း

အရိုးအဆစ္ကိုက္ခဲျခင္းဟာလည္း ေဆာင္းတြင္းမွာ ျဖစ္ပြားတတ္တဲ႔ ေရာဂါတစ္မ်ိဳးပါပဲ။ အဝတ္အထည္ ႏွစ္ထပ္ဝတ္ၿပီး ေႏြးေႏြးေထြးေထြးေနျခင္း၊ ေသြးပူေအာင္ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းလုပ္ျခင္းတို႔နဲ႔ အရိုးအဆစ္ကိုက္ခဲျခင္းကို ကာကြယ္ႏိုင္ပါတယ္။ ေနေရာင္ျခည္ေႏြးေႏြးေအာက္မွာ ေနပူစာလႈံျခင္းဟာလည္း အေကာင္းဆံုးနည္းလမ္းတစ္ခုပါပဲ။

၅။ ႏွာပိတ္ျခင္း

ေခ်ာင္းဆိုးျခင္း၊ ေခါင္းကိုက္ျခင္း၊ ႏွာပိတ္ျခင္းတို႔ဟာလည္း ေဆာင္းတြင္းမွာအျဖစ္မ်ားတာမို႔ သတိထားသင့္ပါတယ္။ ေလဝင္ေလထြက္ မေကာင္းရင္လည္း ႏွာပိတ္တတ္ပါတယ္။ ႏွာပိတ္ျခင္းကို လံုေလာက္စြာ အနားယူျခင္း၊ က်နး္မာေရးနဲ႔ ကိုက္ညီတဲ့ အစားအေသာက္ေတြကို စားသံုးေပးျခင္း၊ အရည္မ်ားမ်ားေသာက္ျခင္း၊ အေအးမမိေအာင္ေနျခင္းတို႔ျဖင့္ ကာကြယ္ႏိုင္ပါတယ္။ ကုသမႈအပိုင္းကေတာ့ ဂ်င္းျပဳတ္ရည္ ေသာက္ေပးတာတို႔၊ သစ္ၾကံပိုးေခါက္မႈန္႔ ထည့္ထားတဲ့ လက္ဖက္ရည္ေသာက္ေပးတာတို႔နဲ႔ ကုသေပးႏိုင္ပါတယ္။

Source : skymetweather

LEAVE A REPLY

Please enter your comment!
Please enter your name here