Zawgyi
သာမန္လူေတြနဲ႔ ႀကီးပြားေအာင္ျမင္သူေတြမွာ ကြာျခားတာတစ္ခုရွိတယ္။ သာမန္လူေတြဟာ ကိစၥတစ္ခုခုကို ရႈျမင္ရာမွာ အမ်ားတကာျမင္ေတြ႕သလိုပဲ ရႈျမင္တတ္ၾကတယ္။ ေအာင္ျမင္ႀကီးပြားသူေတြကေတာ့ လူတကာေတြ သမရိုးက် ျမင္ေတြ႕ေနတာထက္ ထူးထူးကဲကဲ ရႈျမင္တတ္ၾကတယ္။ အမ်ားနဲ႔မတူ ကြဲျပားတဲ့အျမင္မ်ိဳး ရွိၾကတယ္။

ရွဴးဖိနပ္ထုတ္လုပ္ေရာင္းတဲ့ ကုမၸဏီက သူတို႔ရွဴးဖိနပ္ေတြကို ေၾကာ္ျငာဖို႔ အေရာင္းသမား ၂ ေယာက္ကို

ကၽြန္းတစ္ကြ်န္းကို ေစလႊတ္လိုက္တယ္။ တပတ္ၾကာေတာ့ ၂ ေယာက္စလံုး ျပန္ေရာက္လာၾကၿပီး

ကုမၸဏီကို သတင္းျပန္ပို႔ၾကတယ္။ ပထမအေရာင္းသမားက ကြ်န္းေပၚမွာ ဖိနပ္ေရာင္းဖို႔ လံုးဝမျဖစ္ႏိုင္ဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္းေပၚက လူေတြဟာ တစ္ေယာက္မွ ဖိနပ္မစီးၾကဘူးလို႔ ေျပာတယ္။

ဒုတိယအေရာင္းသမားက ကၽြန္းေပၚက လူေတြဟာ တစ္ေယာက္မွ ဖိနပ္မစီးၾကဘူး။ ဒါေၾကာင့္

သူတို႔ကို ဖိနပ္စီးနည္း သင္ေပးလိုက္ရင္ သူတို႔အားလံုး ဖိနပ္ေတြ ဝယ္စီးၾကမွာမို႔ ဧရာမဖိနပ္ေစ်းကြက္ႀကီးတစ္ခု

ျဖစ္လာမယ္လို႔ ေျပာတယ္။ ပထမအေရာင္းသမားမွာ သာမန္လူတိုင္းမွာ ရွိၾကတဲ့ အျမင္မ်ိဳးပဲ ရွိတယ္။

ဒုတိယအေရာင္းသမားကေတာ့ လူအမ်ားျမင္ေနက် အျမင္ကေန ခြဲထြက္ျမင္တတ္သူပါ။

လူ ၃ ေယာက္ ျဖတ္သြားရင္း လမ္းေဘးမွာ ႀကီးမားတဲ့ သံတုံုးႀကီးတစ္တံုးကို ေတြ႕လိုက္ၾကတယ္။

ပထမလူက အဲဒီသံတံုးႀကီးကို အိမ္ကို သယ္သြားၿပီး ခ်ိဳင့္ေနတဲ့ ေျမေနရာမွာ ဖို႔ဖို႔ စိတ္ကူးတယ္။

ဒုတိယလူက်ေတာ့ ပစၥည္းေဟာင္း ဝယ္တဲ့ ကုလားကို ပိႆာခ်ိန္နဲ႔ ေရာင္းစားဖို႔ အၾကံေပၚတယ္။

တတိယလူက်ေတာ့ ဒီသံတံုးႀကီးကို တူ၊ စို႔နဲ႔ ဖဲ့ယူၿပီး ဇြန္း၊ ခက္ရင္း၊ ဓါးေတြ လုပ္ေရာင္းလိုက္ရင္

ပိုက္ဆံေတြ အမ်ားႀကီး ရမယ္လို႔ စိတ္ကူးတယ္။ ေက်ာက္တံုးႀကီးကို အတူတူျမင္ၾကေပမယ့္

ဘာျဖစ္လို႔ အျမင္ေတြ မတူၾကသလဲ။ ေအာက္မွာ ရွင္းျပထားပါတယ္။

စပိန္ႏိုင္ငံက ZARA ကုန္တိုက္ပိုင္ရွင္ သူေဌးႀကီး အာမန္ခ်ီယိုေအာ္ေတးဂါးရဲ႕ မိသားစုဟာ ဆင္းရဲလြန္းလို႔

သူ ၁၄ ႏွစ္သားမွာ ေက်ာင္းထြက္ၿပီး မိသားစုကို ေထာက္ပံ့ဖို႔ အလုပ္လုပ္ရတယ္။ ၁၆ ႏွစ္သားလူပ်ိဳေပါက္အရြယ္မွာ

တေန႔ ၿမိဳ႕ထဲ စက္ဘီးစီးသြားရင္း ထူးျခားမႈတစ္ခုကို သတိထားမိလိုက္တယ္။ အဲဒါက အဝတ္အစားကို

ကၽြမ္းကၽြမ္းက်င္က်င္ ခ်ဳပ္တတ္ၾကေပမယ့္ အလုပ္မရွိလို႔ အားေနၾကတဲ့ အမ်ိဳးသမီးေတြ အမ်ားႀကီးကို

ေတြ႕မိလိုက္တာပါ။ ဒါက ဘာမ်ားထူးဆန္းလို႔လဲကြာလို႔ ေမးစရာပါ။ ဒါေပမဲ့ သူ႔မွာ သာမန္လူေတြနဲ႔

မတူတဲ့ အျမင္ရွိတယ္။ ေအာ္ေတးဂါးက အဲဒီအမ်ိဳးသမီးေတြကို စက္ခ်ဳပ္သမအသင္းေလးေတြ ေထာင္ၾကၿပီး

အဝတ္ေတြ ခ်ဳပ္ၾကဖို႔ စည္းရံုးတယ္။ သူက အစဝယ္ေပးတယ္။ ခ်ဳပ္ခေပးတယ္။ သူကသူတို႔ခ်ဳပ္ေပးတဲ့အထည္ေတြကို

အျမတ္ယူၿပီး ဆိုင္ေတြမွာ သြင္းရင္း ပိုက္ဆံအေတာ္ ရလိုက္တယ္။ ေနာက္ေတာ့ ဖက္ရွင္အဝတ္ေတြေရာင္းတဲ့

ကုန္တိုက္ႀကီးေတြကို ကမာၻအႏွံ့မွာ ဖြင့္လွစ္ရင္းနဲ႔ စပိန္ႏိုင္ငံရဲ႕ အခ်မ္းသာဆံုး ဘီလ်ံနာသူေဌးႀကီး ျဖစ္လာခဲ့တယ္။

၁၉၈၀ ခုႏွစ္ေလာက္က ရန္ကုန္ၿမိဳ႕မွာ ပိုက္ဆံရွိသူတိုင္းဟာ ကားဝယ္ၾကတယ္။ ဝယ္္တယ္ဆိုတာက စီးဖို႔ထက္

အျမတ္ရရင္ ျပန္ေရာင္းဖို႔ပါ။ သေဘၤာသားေတြ သြင္းလာတဲ့ ဆန္နီ၊ ပါဘလစ္ကာ ပစ္ကပ္ကားေလးေတြကို

ပိုက္ဆံရွိသူေတြက အလုအယက္ ဝယ္ၾကၿပီး အျမတ္ေလးနည္းနည္းရရင္ ျပန္ထုတ္ေရာင္းၾကတယ္။

အဲဒီအခ်ိန္မွာ လူတစ္ေယာက္ဟာ ထူးထူးဆန္းဆန္း သူမ်ားတကာလို ကားဝယ္ၿပီး အျမတ္နဲ႔ ျပန္ေရာင္းတာ

မလုပ္ဘဲ ရန္ကုန္ၿမိဳ႕ျပင္တစ္ဝိုက္က ေျမကြက္ေတြ လိုက္ဝယ္တယ္။ ပိုက္ဆံရွိသူတိုင္းက ကားဝယ္ဖို႔ပဲ

စိတ္ဝင္စားေနၾကတာေၾကာင့္ ေျမကြက္အေရာင္းအဝယ္နည္းၿပီး ေျမေစ်းကလည္း သိတ္မၾကီးေသးပါဘူး။

၁၀ ႏွစ္ၾကာေတာ့ ကားေစ်းေတြ က်လာျပီး ေျမေစ်းေတြဟာ အဆမတန္ ေစ်းတက္လာတယ္။ ေစာေစာကေျပာတဲ့

ေျမကြက္ေတြ ဝယ္ထားသူက ေျမကြက္ေတြ ျပန္ေရာင္းလိုက္လို႔ သိန္းေပါင္းေျမာက္မ်ားစြာ ျမတ္သြားျပီး ျမန္မာနိုင္ငံရဲ႕

အခ်မ္းသာဆံုးသူေဌးၾကီးေတြထဲက တစ္ေယာက္ ျဖစ္လာခဲ့တယ္။ သူဟာ လူတိုင္းေလာက္နီးနီး ကား႐ူးေရာဂါထေနခ်ိန္မွာ

သူမ်ားေတြ မျမင္တဲ့ အခြင့္အလမ္းကို အသံုးခ်ၿပီး ႀကီးပြားခ်မ္းသာသြားတာပါ။

ကဲ ဟုတ္ပါၿပီ။ ဒီဥပမာေတြအရ ႀကီးပြားေအာင္ျမင္သူေတြဟာ လူအမ်ားရဲ႕ သမ႐ိုးက် အျမင္အစြဲေတြကေန

ခြဲထြက္ျမင္တတ္ ေတြးတတ္သူေတြ ျဖစ္တယ္ဆိုတာ လက္ခံပါၿပီ။ ဒါဆိုရင္ သူတို႔လို ျမင္တတ္ေအာင္ ဘယ္လို လုပ္ရမလဲ။

အဓိကလုပ္ရမွာက စာဖတ္ပါ။ စာအုပ္ေတြ ဖတ္ပါ။ ဘယ္လို စာအုပ္မ်ိဳးကို ဖတ္ရမွာလဲ။ စာမ်ိဳးစံု ဖတ္လို႔ ရပါတယ္။

ပံုျပင္၊ ဝတၳဳ၊ ေဆာင္းပါး၊ အထုပတၱိ၊ မဂၢဇင္း၊ ဂ်ာနယ္ အစံုကို ဖတ္ပါ။ စာဖတ္လို႔ အျမင္အစြဲေတြ ေျပာင္းလဲသြားမယ္ဆိုတာ

ျဖစ္ႏိုင္ပါမလား။ သိတ္ကို ျဖစ္ႏိုင္တာေပါ့။ ဘာေၾကာင့္ ခုလိုေသခ်ာေပါက္ ေျပာနိုင္ရတာလဲ။ စာအုပ္ေပါင္းစံုမွာ ေရးထားၾကတဲ့

စာေရးသူေတြရဲ႕ အေတြးအျမင္၊ အယူအဆေပါင္းစံုကို ဖတ္ရတဲ့အခါ မိမိသိထားတဲ့ ခံယူထားတဲ့ အေတြးအျမင္

အယူအဆေတြနဲ႔ မတူ ကြဲျပားျခားနားေနတာေတြကို သတိထားမိလာလိမ့္မယ္။ မိမိရဲ႕ အစြဲ အယူအဆ

တစ္ခ်ိဳ႕ဟာ မွားေနမွန္းသိလာျပီး မိမိရဲ႕ အစြဲ အေတြးအျမင္ေတြလည္း ေျပာင္းလဲလာပါလိမ့္မယ္။

ပန္းအိုးေလးတစ္အိုးမွာ စိုက္ထားတဲ့ အရြက္ေတြ စိမ္းစိုေနတဲ့ ပန္းပင္ေလးတစ္ပင္ကို ၾကည့္ပါ။

အဲဒီပန္းပင္ေလးကို လူက ဂ႐ုတစိုက္ ေရမေလာင္းဘူး၊ ေျမၾသဇာ ထည့္မေပးဘူး၊ ေနေရာင္ျခည္

ျပမေပးဘူးဆိုရင္ အဲဒီပန္းပင္ ဘာျဖစ္သြားမလဲ။ အပင္ေလးဟာ တျဖည္းျဖည္း ညိဳးေျခာက္ျပီး ေသသြားမွာပါ။

ဒီလိုပါပဲ။ လူေတြရဲ႕ စိတ္ဓါတ္ကို ခြန္အားျဖည့္ေပးမယ့္ စာဖတ္ျခင္းကို မလုပ္သူဟာ လူခႏၶာကို္ယ္က

ေသမသြားေပမယ့္ ဦးေနွာက္ေသသြားမွာပါ။ ဦးေနွာက္ေသတယ္ဆိုတာ မစဥ္းစားတတ္၊

မေတြးေတာတတ္တဲ့ အၾကံတံုး ဉာဏ္တံုးတဲ့လူ ျဖစ္သြားမွာကို ဆိုလိုတာပါ။ အၾကံဉာဏ္တံုးေနသူဆီမွာ

ေစာေစာက ေျပာျပခဲ့တဲ့ သူမ်ားေတြျမင္တာထက္ သာတဲ့ အေတြးအျမင္မ်ိဳး ေပၚလာပါ့မလား။

ဒါေၾကာင့္ စာမဖတ္သူဟာ သူမ်ားထက္သာတဲ့ အေတြးအျမင္မရွိနိုင္ဘူး။ အဲဒီအေတြးအျမင္မရွိသူဟာ

ဘယ္လိုမွ ေအာင္ျမင္ႀကီးပြားသူ တစ္ေယာက္ ျဖစ္လာမွာ မဟုတ္ပါဘူး။ လူေတြက ေျပာၾကတယ္။

စာမတတ္သူဟာ အကန္းနဲ႔ တူတယ္တဲ့။ တကယ္ေတာ့ စာမတတ္လို႔ စာမဖတ္သူနဲ႔ စာတတ္လ်က္

စာမဖတ္သူ နွစ္ေယာက္စလံုးဟာ အကန္းေတြခ်ည္းပါပဲ။ အကန္းဆိုမွေတာ့ မိမိေရွ႕ေမွာက္မွာ ဘြားဘြားႀကီးေပၚလာတဲ့

အခြင့္အလမ္းကို ဘယ္မွာျမင္ေတြ႕ႏိုင္ၾကပါ့မလဲ။ ဘီလ်ံနာသူေဌးၾကီး အမ်ားစုဟာ အခြင့္အလမ္းေတြကို ျမင္ေတြ႕ျပီး

အမိအရဖမ္းဆုပ္ယူရင္း ခ်မ္းသာလာခဲ့ၾကတာပါ။ သူတို႔ ဘာေၾကာင့္ အခြင့္အေရးေတြကို ျမင္ေတြ႕ၾကတာလဲ။

စာဖတ္ၾကလို႔ပါ။ သူတို႔ဟာ ေန႔စဥ္ညတိုင္း နာရီ၀က္္နဲ႔ ၂ နာရီၾကား စာဖတ္ၾကတယ္္လို႔ စာအုပ္တစ္အုပ္မွာ ဖတ္ရပါတယ္။

အခ်ဳပ္အားျဖင့္ ေျပာရရင္ ႀကီးပြားခ်မ္းသာခ်င္ရင္ အခြင့္အလမ္းေပၚေနတာကို ျမင္တတ္ဖို႔၊ သူမ်ားေတြ

မျမင္တာကို ျမင္တတ္ဖို႔ လိုတယ္ဆိုတာကို နားလည္သေဘာေပါက္ေစခ်င္ပါတယ္။ ယေန႔ကစလို႔

သူမ်ားတကာနဲ႔ မတူတဲ့ အျမင္မ်ိဳး ျမင္တတ္ ၾကည့္တတ္ေအာင္ မိမိကိုယ္ကို ေလ့က်င့္ေပးပါ။

စာဖတ္ပါ။စာေတြ အမ်ားၾကီးကို ဖတ္ၾကပါ။

Credit:ဗန္းေမာ္သိန္းေဖ ၁၃-၀၁-၂၀၁၇

Unicode

သာမန်လူတွေနဲ့ ကြီးပွားအောင်မြင်သူတွေမှာ ကွာခြားတာတစ်ခုရှိတယ်။ သာမန်လူတွေဟာ ကိစ္စတစ်ခုခုကို ရှုမြင်ရာမှာ အများတကာမြင်တွေ့သလိုပဲ ရှုမြင်တတ်ကြတယ်။ အောင်မြင်ကြီးပွားသူတွေကတော့ လူတကာတွေ သမရိုးကျ မြင်တွေ့နေတာထက် ထူးထူးကဲကဲ ရှုမြင်တတ်ကြတယ်။ အများနဲ့မတူ ကွဲပြားတဲ့အမြင်မျိုး ရှိကြတယ်။

ရှူးဖိနပ်ထုတ်လုပ်ရောင်းတဲ့ ကုမ္ပဏီက သူတို့ရှူးဖိနပ်တွေကို ကြော်ငြာဖို့ အရောင်းသမား ၂ ယောက်ကို

ကျွန်းတစ်ကျွန်းကို စေလွှတ်လိုက်တယ်။ တပတ်ကြာတော့ ၂ ယောက်စလုံး ပြန်ရောက်လာကြပြီး

ကုမ္ပဏီကို သတင်းပြန်ပို့ကြတယ်။ ပထမအရောင်းသမားက ကျွန်းပေါ်မှာ ဖိနပ်ရောင်းဖို့ လုံးဝမဖြစ်နိုင်ဘူး။

ဘာကြောင့်လဲဆိုတော့ ကျွန်းပေါ်က လူတွေဟာ တစ်ယောက်မှ ဖိနပ်မစီးကြဘူးလို့ ပြောတယ်။

ဒုတိယအရောင်းသမားက ကျွန်းပေါ်က လူတွေဟာ တစ်ယောက်မှ ဖိနပ်မစီးကြဘူး။ ဒါကြောင့်

သူတို့ကို ဖိနပ်စီးနည်း သင်ပေးလိုက်ရင် သူတို့အားလုံး ဖိနပ်တွေ ဝယ်စီးကြမှာမို့ ဧရာမဖိနပ်ဈေးကွက်ကြီးတစ်ခု

ဖြစ်လာမယ်လို့ ပြောတယ်။ ပထမအရောင်းသမားမှာ သာမန်လူတိုင်းမှာ ရှိကြတဲ့ အမြင်မျိုးပဲ ရှိတယ်။

ဒုတိယအရောင်းသမားကတော့ လူအများမြင်နေကျ အမြင်ကနေ ခွဲထွက်မြင်တတ်သူပါ။

လူ ၃ ယောက် ဖြတ်သွားရင်း လမ်းဘေးမှာ ကြီးမားတဲ့ သံတုံးကြီးတစ်တုံးကို တွေ့လိုက်ကြတယ်။

ပထမလူက အဲဒီသံတုံးကြီးကို အိမ်ကို သယ်သွားပြီး ချိုင့်နေတဲ့ မြေနေရာမှာ ဖို့ဖို့ စိတ်ကူးတယ်။

ဒုတိယလူကျတော့ ပစ္စည်းဟောင်း ဝယ်တဲ့ ကုလားကို ပိဿာချိန်နဲ့ ရောင်းစားဖို့ အကြံပေါ်တယ်။

တတိယလူကျတော့ ဒီသံတုံးကြီးကို တူ၊ စို့နဲ့ ဖဲ့ယူပြီး ဇွန်း၊ ခက်ရင်း၊ ဓါးတွေ လုပ်ရောင်းလိုက်ရင်

ပိုက်ဆံတွေ အများကြီး ရမယ်လို့ စိတ်ကူးတယ်။ ကျောက်တုံးကြီးကို အတူတူမြင်ကြပေမယ့်

ဘာဖြစ်လို့ အမြင်တွေ မတူကြသလဲ။ အောက်မှာ ရှင်းပြထားပါတယ်။

စပိန်နိုင်ငံက ZARA ကုန်တိုက်ပိုင်ရှင် သူဌေးကြီး အာမန်ချီယိုအော်တေးဂါးရဲ့ မိသားစုဟာ ဆင်းရဲလွန်းလို့

သူ ၁၄ နှစ်သားမှာ ကျောင်းထွက်ပြီး မိသားစုကို ထောက်ပံ့ဖို့ အလုပ်လုပ်ရတယ်။ ၁၆ နှစ်သားလူပျိုပေါက်အရွယ်မှာ

တနေ့ မြို့ထဲ စက်ဘီးစီးသွားရင်း ထူးခြားမှုတစ်ခုကို သတိထားမိလိုက်တယ်။ အဲဒါက အဝတ်အစားကို

ကျွမ်းကျွမ်းကျင်ကျင် ချုပ်တတ်ကြပေမယ့် အလုပ်မရှိလို့ အားနေကြတဲ့ အမျိုးသမီးတွေ အများကြီးကို

တွေ့မိလိုက်တာပါ။ ဒါက ဘာများထူးဆန်းလို့လဲကွာလို့ မေးစရာပါ။ ဒါပေမဲ့ သူ့မှာ သာမန်လူတွေနဲ့

မတူတဲ့ အမြင်ရှိတယ်။ အော်တေးဂါးက အဲဒီအမျိုးသမီးတွေကို စက်ချုပ်သမအသင်းလေးတွေ ထောင်ကြပြီး

အဝတ်တွေ ချုပ်ကြဖို့ စည်းရုံးတယ်။ သူက အစဝယ်ပေးတယ်။ ချုပ်ခပေးတယ်။ သူကသူတို့ချုပ်ပေးတဲ့အထည်တွေကို

အမြတ်ယူပြီး ဆိုင်တွေမှာ သွင်းရင်း ပိုက်ဆံအတော် ရလိုက်တယ်။ နောက်တော့ ဖက်ရှင်အဝတ်တွေရောင်းတဲ့

ကုန်တိုက်ကြီးတွေကို ကမ္ဘာအနှံ့မှာ ဖွင့်လှစ်ရင်းနဲ့ စပိန်နိုင်ငံရဲ့ အချမ်းသာဆုံး ဘီလျံနာသူဌေးကြီး ဖြစ်လာခဲ့တယ်။

၁၉၈၀ ခုနှစ်လောက်က ရန်ကုန်မြို့မှာ ပိုက်ဆံရှိသူတိုင်းဟာ ကားဝယ်ကြတယ်။ ဝယ်တယ်ဆိုတာက စီးဖို့ထက်

အမြတ်ရရင် ပြန်ရောင်းဖို့ပါ။ သငေ်္ဘာသားတွေ သွင်းလာတဲ့ ဆန်နီ၊ ပါဘလစ်ကာ ပစ်ကပ်ကားလေးတွေကို

ပိုက်ဆံရှိသူတွေက အလုအယက် ဝယ်ကြပြီး အမြတ်လေးနည်းနည်းရရင် ပြန်ထုတ်ရောင်းကြတယ်။

အဲဒီအချိန်မှာ လူတစ်ယောက်ဟာ ထူးထူးဆန်းဆန်း သူများတကာလို ကားဝယ်ပြီး အမြတ်နဲ့ ပြန်ရောင်းတာ

မလုပ်ဘဲ ရန်ကုန်မြို့ပြင်တစ်ဝိုက်က မြေကွက်တွေ လိုက်ဝယ်တယ်။ ပိုက်ဆံရှိသူတိုင်းက ကားဝယ်ဖို့ပဲ

စိတ်ဝင်စားနေကြတာကြောင့် မြေကွက်အရောင်းအဝယ်နည်းပြီး မြေဈေးကလည်း သိတ်မကြီးသေးပါဘူး။

၁၀ နှစ်ကြာတော့ ကားဈေးတွေ ကျလာပြီး မြေဈေးတွေဟာ အဆမတန် ဈေးတက်လာတယ်။ စောစောကပြောတဲ့

မြေကွက်တွေ ဝယ်ထားသူက မြေကွက်တွေ ပြန်ရောင်းလိုက်လို့ သိန်းပေါင်းမြောက်များစွာ မြတ်သွားပြီး မြန်မာနိုင်ငံရဲ့

အချမ်းသာဆုံးသူဌေးကြီးတွေထဲက တစ်ယောက် ဖြစ်လာခဲ့တယ်။ သူဟာ လူတိုင်းလောက်နီးနီး ကားရူးရောဂါထနေချိန်မှာ

သူများတွေ မမြင်တဲ့ အခွင့်အလမ်းကို အသုံးချပြီး ကြီးပွားချမ်းသာသွားတာပါ။

ကဲ ဟုတ်ပါပြီ။ ဒီဥပမာတွေအရ ကြီးပွားအောင်မြင်သူတွေဟာ လူအများရဲ့ သမရိုးကျ အမြင်အစွဲတွေကနေ

ခွဲထွက်မြင်တတ် တွေးတတ်သူတွေ ဖြစ်တယ်ဆိုတာ လက်ခံပါပြီ။ ဒါဆိုရင် သူတို့လို မြင်တတ်အောင် ဘယ်လို လုပ်ရမလဲ။

အဓိကလုပ်ရမှာက စာဖတ်ပါ။ စာအုပ်တွေ ဖတ်ပါ။ ဘယ်လို စာအုပ်မျိုးကို ဖတ်ရမှာလဲ။ စာမျိုးစုံ ဖတ်လို့ ရပါတယ်။

ပုံပြင်၊ ဝတ္ထု၊ ဆောင်းပါး၊ အထုပတ္တိ၊ မဂ္ဂဇင်း၊ ဂျာနယ် အစုံကို ဖတ်ပါ။ စာဖတ်လို့ အမြင်အစွဲတွေ ပြောင်းလဲသွားမယ်ဆိုတာ

ဖြစ်နိုင်ပါမလား။ သိတ်ကို ဖြစ်နိုင်တာပေါ့။ ဘာကြောင့် ခုလိုသေချာပေါက် ပြောနိုင်ရတာလဲ။ စာအုပ်ပေါင်းစုံမှာ ရေးထားကြတဲ့

စာရေးသူတွေရဲ့ အတွေးအမြင်၊ အယူအဆပေါင်းစုံကို ဖတ်ရတဲ့အခါ မိမိသိထားတဲ့ ခံယူထားတဲ့ အတွေးအမြင်

အယူအဆတွေနဲ့ မတူ ကွဲပြားခြားနားနေတာတွေကို သတိထားမိလာလိမ့်မယ်။ မိမိရဲ့ အစွဲ အယူအဆ

တစ်ချို့ဟာ မှားနေမှန်းသိလာပြီး မိမိရဲ့ အစွဲ အတွေးအမြင်တွေလည်း ပြောင်းလဲလာပါလိမ့်မယ်။

ပန်းအိုးလေးတစ်အိုးမှာ စိုက်ထားတဲ့ အရွက်တွေ စိမ်းစိုနေတဲ့ ပန်းပင်လေးတစ်ပင်ကို ကြည့်ပါ။

အဲဒီပန်းပင်လေးကို လူက ဂရုတစိုက် ရေမလောင်းဘူး၊ မြေသြဇာ ထည့်မပေးဘူး၊ နေရောင်ခြည်

ပြမပေးဘူးဆိုရင် အဲဒီပန်းပင် ဘာဖြစ်သွားမလဲ။ အပင်လေးဟာ တဖြည်းဖြည်း ညိုးခြောက်ပြီး သေသွားမှာပါ။

ဒီလိုပါပဲ။ လူတွေရဲ့ စိတ်ဓါတ်ကို ခွန်အားဖြည့်ပေးမယ့် စာဖတ်ခြင်းကို မလုပ်သူဟာ လူခန္ဓာကိုယ်က

သေမသွားပေမယ့် ဦးနှောက်သေသွားမှာပါ။ ဦးနှောက်သေတယ်ဆိုတာ မစဉ်းစားတတ်၊

မတွေးတောတတ်တဲ့ အကြံတုံး ဉာဏ်တုံးတဲ့လူ ဖြစ်သွားမှာကို ဆိုလိုတာပါ။ အကြံဉာဏ်တုံးနေသူဆီမှာ

စောစောက ပြောပြခဲ့တဲ့ သူများတွေမြင်တာထက် သာတဲ့ အတွေးအမြင်မျိုး ပေါ်လာပါ့မလား။

ဒါကြောင့် စာမဖတ်သူဟာ သူများထက်သာတဲ့ အတွေးအမြင်မရှိနိုင်ဘူး။ အဲဒီအတွေးအမြင်မရှိသူဟာ

ဘယ်လိုမှ အောင်မြင်ကြီးပွားသူ တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ လူတွေက ပြောကြတယ်။

စာမတတ်သူဟာ အကန်းနဲ့ တူတယ်တဲ့။ တကယ်တော့ စာမတတ်လို့ စာမဖတ်သူနဲ့ စာတတ်လျက်

စာမဖတ်သူ နှစ်ယောက်စလုံးဟာ အကန်းတွေချည်းပါပဲ။ အကန်းဆိုမှတော့ မိမိရှေ့မှောက်မှာ ဘွားဘွားကြီးပေါ်လာတဲ့

အခွင့်အလမ်းကို ဘယ်မှာမြင်တွေ့နိုင်ကြပါ့မလဲ။ ဘီလျံနာသူဌေးကြီး အများစုဟာ အခွင့်အလမ်းတွေကို မြင်တွေ့ပြီး

အမိအရဖမ်းဆုပ်ယူရင်း ချမ်းသာလာခဲ့ကြတာပါ။ သူတို့ ဘာကြောင့် အခွင့်အရေးတွေကို မြင်တွေ့ကြတာလဲ။

စာဖတ်ကြလို့ပါ။ သူတို့ဟာ နေ့စဉ်ညတိုင်း နာရီဝက်နဲ့ ၂ နာရီကြား စာဖတ်ကြတယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ရပါတယ်။

အချုပ်အားဖြင့် ပြောရရင် ကြီးပွားချမ်းသာချင်ရင် အခွင့်အလမ်းပေါ်နေတာကို မြင်တတ်ဖို့၊ သူများတွေ

မမြင်တာကို မြင်တတ်ဖို့ လိုတယ်ဆိုတာကို နားလည်သဘောပေါက်စေချင်ပါတယ်။ ယနေ့ကစလို့

သူများတကာနဲ့ မတူတဲ့ အမြင်မျိုး မြင်တတ် ကြည့်တတ်အောင် မိမိကိုယ်ကို လေ့ကျင့်ပေးပါ။

စာဖတ်ပါ။စာတွေ အများကြီးကို ဖတ်ကြပါ။

Credit:ဗန်းမော်သိန်းဖေ ၁၃-၀၁-၂၀၁၇

LEAVE A REPLY

Please enter your comment!
Please enter your name here