မက္ကစီကိုနိင်ငံသား အသက်(၅၄)နှစ်ရှိသူ ရောဘတ်အက်ကွီဘယ်လ် ကာဘရီရာဆိုသူရဲ့ လိင်အင်္ဂါဟာ ၁၈.၉ လက်မထိရှည်လျားနေပြီး အလုပ်ယူနီဖောင်း ကို မဝတ်ဆင်နိုင်တဲ့အခြေအနေထိဖြစ်နေသလို ဒူးထောက်ဖို့နဲ့ ငုံ့ပြီးလုပ်ရတဲ့အလုပ်တွေအတွက်အဆင်မပြေသလို အလုပ် လုပ်ဖို့အခက်တွေ့နေရတယ်လို့ပြောပါတယ်

ကာဘရီရာဟာ အစိုးရအကူအညီကိုယူခဲ့သော်လည်း သူ့ရဲ့လိင်အင်္ဂါအရွယ်ကို သေးငယ်အောင်ဆေးကုသဖို့ ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ အမေရိကိန်လိင်ဖျော်ဖြေရေးရုပ်သံထုတ်လုပ်မှုလုပ်ငန်းတွေမှာအလုပ်ရဖို့မျှော်မှန်းနေတာကြောင့်ပါ

ကမ္ဘာ့မှတ်တမ်းစံချိန်တင် ဂင်းနစ်မှတ်တမ်းတင်အဖွဲ့ကတော့ သူ့ရဲ့ လိင်အင်္ဂါကြီးထွားမှုကိုစာရင်း ထည့်သွင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ လက်ရှိစာရင်းအရ ဂင်းနစ်စံချိန်ဝင် ဖြစ်တဲ့ အမေရိကန်မင်းသား ဂျိုနက် ဖယ်လ်ကွန် ရဲ့လိင်အင်္ဂါဟာ ၉.၈လက်မထိရှိပါတယ်

ကာယကံရှင်ကတော့ “ကျွန်တော်ဟာ ကျေ်ကြားသူတယောက်ဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ကမ္ဘာမှာလိင်အင်္ဂါအကြီးဆုံးကိုပိုင်ဆိုင်ထားသူအဖြစ်သလို ဘယ်သူမှ ကျွန်တော့်လောက် မကြီးမားတဲ့အတွက် ကျွန်တော်ဟာထူးခြားနေသူဖြစ်ရလို့ ကျေနပ်မိတယ်”လို့ သူ့ခံစားချက်ကိုဖွင့်ဟထားပါတယ်။





LEAVE A REPLY

Please enter your comment!
Please enter your name here